Mar 5, 2012

" နတ်သမီးဝတ်ရုံ ခြုံထားတဲ့ ကဝေ "

အဖွင့်...

အချစ်သည် ရင်မှ ပစ်လွှတ်လိုက်သော မြားတစ်စင်း ဖြစ်သည်။

အချစ်သည် နာရီနှိုးစက် ဖြစ်သည်။

အချစ်သည် အ၀တ်များကို မီးပူတိုက်စေသည်။

အချစ်သည် လေကောင်းလေသန့် ဖြစ်သည်။

အချစ်သည် အိပ်ရေးဝစေသည်။

အချစ်သည် နုပျိုခြင်း၏ လမ်းပြရှေ့ဆောင် ဖြစ်သည်။

အချစ်သည် အားပေးဖော် ဖြစ်သည်။

အချစ်သည် နားလည်ပေးနိုင်ခြင်းတို့၏ သင်္ကေတ ဖြစ်သည်။

အချစ်သည် သစ္စာတရား၏ ကိုယ်ပွါး ဖြစ်သည်။

အချစ်သည် တန်ခိုးရှင် ဖြစ်သည်...။


အပိတ်...

အချစ်သည် အချိန်ကို စားသည်။

အချစ်သည် ပိုက်ဆံ၏ ရန်သူ ဖြစ်သည်။

အချစ်သည် မှန်းဆရခက်လွန်းသော ရာသီဥတု ဖြစ်သည်။

အချစ်သည် အိပ်ပျက်ညများ၏ တရားခံ ဖြစ်သည်။

အချစ်သည် ကဗျာများ၏ အရှင်သခင် ဖြစ်သည်။

အချစ်သည် မျက်ရည်လုပ်သောစက် ဖြစ်သည်။

အချစ်သည် စွဲလမ်းယစ်မူးစေသည်။

အချစ်သည် အသင့်ပြင်ထားသော အမုန်း ဖြစ်သည်။

အချစ်သည် သစ္စာမရှိဆုံးသော သစ္စာ ဖြစ်သည်။

အချစ်သည် ရင်ဘတ်၌ စိုက်ဝင်နေသော စူး ဖြစ်သည်...။

*** *** *** *** *** *** *** *** *** *** *** ***

တကယ်တော့...

အချစ်ဆိုတာဟာ နတ်သမီးဝတ်ရုံ ခြုံထားတဲ့ ကဝေတစ်ကောင်ပါပဲ... ... ...။




KKT

No comments:

Post a Comment